ရက်ဖ်ရန်းဂ်နစ်ကို ယာယီနည်းပြအဖြစ် ယူနိုက်တက် ခန့်အပ်ခဲ့

အိုလေဂန်းနားဆိုးလ်ရှားကို ရာထူးကထုတ်ပယ်ပြီးနောက် ယူနိုက်တက်ဟာ ရက်ဖ်ရန်းဂ်နစ်ကို ယာယီနည်းပြအဖြစ်ခန့်အပ်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။

ရန်းဂ်နစ်ဟာ ယူနိုက်တက်ကို နည်းပြအဖြစ် ၆ လကိုင်တွယ်မှာဖြစ်ပါတယ်။ ကျန်တဲ့ ၂ နှစ်ကိုတော့ အကြံပေးအဖြစ် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ယာယီနည်းပြအဖြစ် ၆ လ လုပ်ကိုင်ဖို့ ယူနိုက်တက်က ကမ်းလှမ်းချိန်မှာ ရန်းဂ်နစ်က ပယ်ချလိုက်ပြီး ၂ နှစ်စာချုပ်နဲ့ အကြံပေးအဖြစ်ပါ ကမ်းလှမ်းချိန်မှာတော့ လက်ခံလိုက်တယ်လို့ Men က ဖော်ပြခဲ့ပါတယ်။

အသက် ၆၃ နှစ်အရွယ် ရန်းဂ်နစ်ဟာ လက်ရှိမှာ လိုကိုမိုတစ်ဗ်မော်စကိုအသင်းမှာ ဆက်ရှိနေပြီး အလုပ်ပါမစ်ကြောင့် လာမယ့် ချယ်လ်ဆီးနဲ့ပွဲစဥ်ကို ကိုင်တွယ်နိုင်ဦးမှာမဟုတ်ဘူးလို့ သိရပါတယ်။

ယူနိုက်တက်ဟာ မိုက်ကယ်ကားရစ်ခ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားပေမယ့် ရန်းဂ်နစ်ကို ချိတ်ဆက်နေသေးတယ်လို့ Men က ယခုအပတ်အစောပိုင်းက ဖော်ပြခဲ့ပါသေးတယ်။

ဒါပေမယ့် သူ့ကို ယာယီနည်းပြအဖြစ် ခန့်အပ်မှာဖြစ်ပေမယ့် ယူနိုက်တက်ဟာ အမြဲတမ်းနည်းပြနေရာအတွက် ပီအက်စ်ဂျီအသင်းရဲ့နည်းပြချုပ် မာရစ်စီယိုပိုချက်တီနိုကို ပစ်မှတ်ထားနေပါတယ်။

ယူနိုက်တက်ဟာ ရာသီဝက်မှာ ပိုချက်တီနိုကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်နိုင်ဖို့ ဆက်သွယ်ခဲ့ပေမယ့် ပြင်သစ်ကလပ်က ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

အာဂျင်တီးနားလူမျိုးနည်းပြဟာ ပီအက်စ်ဂျီအသင်းမှာ အသားမကျသေးပေမယ့် မန်ချက်စတာစီးတီးအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲအပြီးမှာ ယူနိုက်တက်နဲ့သတင်းတွေကို ငြင်းပယ်ခဲ့ခြင်း မရှိခဲ့ပါဘူး။