ချယ်လ်ဆီးနဲ့ ယူနိုက်တက် တို့ ပွဲအတွက် မိုက်ကယ်အိုဝင်ရဲ့ခန့်မှန်းမှုလာပြီ

မိုက်ကယ်အိုဝင်ကတော့ ဒီနေ့ည စတမ်းဖို့ဘရစ်ချ်မှာ ကစားမယ့် ချယ်လ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ရဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီး အသင်းပဲ အနိုင်ရမှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ချယ်လ်ဆီး အသင်း ဟာ လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပြီး ကြားရက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ဂျုဗင်တပ်စ် အသင်းကို (၄)ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။မန်ချက်စတာယူနိုက်တက် အသင်းကတော့ ချယ်လ်ဆီး အသင်းနဲ့ ဆန့်ကျင်ဘက်တွေဖြစ်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၅)ပွဲမှာ (၄)ပွဲအထိ အရေးနိမ့်ထားတာဖြစ်ပေမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ဗီလာရီးရယ်လ် အသင်းကို (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိကာ (၁၆)သင်းအဆင့်တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

မိုက်ကယ်အိုဝင် က ချယ်လ်ဆီး အသင်းဟာ မန်ချက်စတာယူနိုက်တက် အသင်းထက် ပိုပြီးတောင့်တင်းတယ်လို့ ပြောကာ ချယ်လ်ဆီး အသင်းအနိုင်ရမယ့် အကြောင်းကို ပြောသွားခဲ့တာဖြစ်ပါတယ်။မိုက်ကယ်အိုဝင် က “ဒါက ပိုပြီးကြီးမားတဲ့ စမ်းသပ်မှုဖြစ်ပေမယ့် မိုက်ကယ်ကာရစ် ဟာ ကစားသမားတွေဆီကနေ လိုချင်တဲ့ တုံ့ပြန်မှုတွေရရှိခဲ့ပါတယ်”

“ချယ်လ်ဆီးက ဂျုဗင်တပ်စ်နဲ့ ပွဲမှာ အလွန်ကောင်းခဲ့ပါတယ်။သူတို့ဟာ ခံစစ်တောင့်တင်းပြီး ချန်ပီယံဆုကို ရယူချင်တယ်ဆိုရင် သူတို့အတွက် ဖြစ်သင့်တဲ့အရာပါပဲ။ဆန်ချိုနဲ့ ဗန်ဒီဘိခ် တို့ဟာ ဒီပွဲမှာ ပြန်ကစားရလိမ့်မယ်လို့ ထင်ပါတယ်”

“ချယ်လ်ဆီး အသင်းက အလွန်တောင့်တင်းပါတယ်။ချယ်လ်ဆီး အသင်းကပဲ (၃)မှတ်ရယူသွားမှာ ဖြစ်တယ်လို့ “ပြောခဲ့တာဖြစ်ပါတယ်။ချယ်လ်ဆီး အသင်းဟာ ခံစစ်ပိုင်းတောင့်တင်းမှုနဲ့ အတူ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ချန်ပီယံဆုကို ဆက်ထိန်းသိမ်းနိုင်ဖို့ ရေပန်းစားနေတာလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းကတော့ ခံစစ်ပိုင်းကလည်း ဆိုးရွားနေပြီး တိုက်စစ်ပိုင်းကလည်း အခွင့်အရေးတွေဖန်တီးနိုင်ဖို့ ရုန်းကန်နေရတာကြောင့် အသင်းဟာ ရလဒ်ကောင်းတွေရယူနိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။